Home » Aims and Duties

Aims and Duties

ရည်မှန်းချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ်သို့ ရောက်ရှိစေရန်အတွက် လိုအပ်သော ကွန်ပျူတာ Software နှင့် Hardware ပညာရှင်များမွေးထုတ်ခြင်း၊ တီထွင်ပေးခြင်း၊ တပ်ဆင်ပေးခြင်း၊ စမ်းသပ်ခြင်း၊ အသုံးချခြင်းများ လက်တွေ့ဆောင်ရွက်နိုင်ပြီး၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သော Information Technology ကို တိုးတက်စေရမည့် ရည်မှန်းချက်ဖြစ်ပါသည်။

Vision

To develop Myanmar as modern country, the University will support capacity building in Information Technology. Aim to become a leading ICT institute in Myanmar.

ရည်ရွယ်ချက်

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)အား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပို့ချလျှက် ရှိပါသည်။

(က) ဒေသအတွင်းရှိ အဆင့်မီသူလူငယ်တိုင်း အဆင့်မြင့်ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာရပ်များကို မိမိဒေသတွင်း၌ပင်လေ့လာသင် ယူနိုင်ရန်။
(ခ) ခေတ်နှင့်အညီ ဖြစ်ပေါ်လာသော ပညာရပ်များ သင်ကြားပေးနိုင်ရန်။
(ဂ) ဒေသအတွင်း လုပ်ငန်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်။
(ဃ) အသိပညာဦးဆောင်သော အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်နှင့် မွေးထုတ်ပေးရန်။

Mission

a. To develop qualified human resource in ICT for regional development.
b. To study modern ICT technology.
c. To support needs in ICT of Kayin State.